Home / Back

ငါးပွက်ရာ ငါးစာ ချ

(စကားပုံ)

၁။ ငါးစာတပ်ထားသော ငါးမျှားချိတ်ကို တစ်နေရာတည်းတွင် ချမထားဘဲ ငါးပွက်တိုင်း ငါးပွက် ရာသို့ ပြောင်းရွှေ့ချလျှင် ငါးမမိသကဲ့သို့ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲ မလုပ်ဘဲ အကျိုးရှိနိုးနိုးနှင့် အမျိုး မျိုး ပြောင်းလဲလုပ်လျှင် အရာမရောက် ဖြစ်တတ်သည်။